လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းများ၏စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ကြည့်မြင်တိုင် ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊အလုံခရိုင်၊ကြည့်မြင်တိုင်မြို့နယ်၊ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ သွေးလှူဒါန်းပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးဦးကျော်စိုးအောင်ဦးဆောင်သော အလုံခရိုင်အတွင်းရှိအလုံ၊ ကြည့်မြင်တိုင်၊စမ်းချောင်းမြို့နယ်များရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ရုံးဝန်ထမ်းများရှိ ကျား ၇ ဦး၊ မ ၂  ဦး စုစုပေါင်း ၉ ဦးတို့က စုပေါင်း၍သွေးလှူဒါန်းခဲ့‌ကြောင်း သိရသည်။

အဆိုပါ သွေးလှူဒါန်းသည့်နေရာသို့   လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးဦးမောင်မောင်သန်း၊ အလုံခရိုင်ဦးစီးမှူး ဦးကျော်စိုးအောင်နှင့်အလုံ၊ကြည့်မြင်တိုင်၊စမ်းချောင်းမြို့နယ်များမှ မြို့နယ်ဦးစီးမှူးများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ထို့နောက် သွေးလှူဒါန်းသည့်ဝန်ထမ်းများအား ကြက်ဥ ၁၀ လုံး၊နွားနို့ ၁ ဗူး၊Enervon-C ဆေးကတ် ၁ ကတ်၊အချိုရည်ဗူး၊ရေဗူးများပေးအပ်ခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းခြင်းတွင် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ရန်ကုန်အမျိုးသားသွေးလှူဘဏ်၌၁၃ဦး၊သန်လျင်ပြည်သူ့ဆေးရုံကြီး၌၁၄ဦး၊ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး၌၉ဦး၊စုစုပေါင်း၃၆ဦးလှူဒါန်းခဲ့ကြပြီး၊အဆိုပါ သွေးလှူဒါန်းသည့်နေရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးဦးမောင်မောင်သန်းက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)