အောင်မြေသာစံခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ(၃/၂၀၂၅) အစည်းအဝေးနှင့် ခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးကျင်းပ

အောင်မြေသာစံ ဇွန် ၁၃

မန္တလေး၊ အောင်မြေသာစံခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ(၃/၂၀၂၅) အစည်းအဝေးနှင့် ခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ၁၂လမ်း၊ ၇၃ လမ်းထောင့်ရှိ လူငယ်သင်တန်းကျာင်း(မန္တလေး)အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ ခရိုင်အမျိုးသမီး ကော်မတီဝင်များ၊ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးကော်မတီဝင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ/ ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌကိုယ်စား လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်သူအောင်က အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး လူငယ်သင်တန်းကျာင်း၊ကျောင်းအုပ်ကြီး ဦးကျော်ဇင်ထွန်းက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုများနှင့် ခရိုင်အတွင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဆောင်ရွက်ထားရှိမှုများနှင့် အမျိုးသမီးလုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ခရိုင်ကလေးသူငယ်ကော်မတီဝင်များနှင့် ခရိုင်အမျိုးသမီးကော်မတီဝင်များက အသီးသီးဆွေးနွေးတင်ပြကြကြောင်းသိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)