မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး Pfizer JN1 ထိုးနှံပေးလျက်ရှိ

မြောက်ဥက္ကလာပ ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer)JN1ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးတွင် ဆက်လက်ထိုးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်ကြီးကြပ်၍ မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်အထက်ရှိသူများ၊ သက်ကြီးရွယ်အိုများ၊ ဌာနဆိုင်ရာများအား ကာကွယ်ဆေးရရှိသည့်အပေါ်မူတည်၍ ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး(Pfizer)JN1 ကို ရုံးချိန်အတွင်း ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)