လှည်းကူးမြို့နယ်၌ Pfizer COVID-19 JN1 ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

လှည်းကူး ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Pfizer COVID-19 JN1 ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသောင်းဒန်ဦး ဦးဆောင်၍  ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံနှင့် အခြေခံပညာကျောင်းများရှိ  နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ထိုးနှံဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက် ၁၈ နှစ်ပြည့်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ ထိုးနှံခဲ့ခြင်း မရှိသူများနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး ခြောက်လပြည့်ပြီးသူများအား Pfizer COVID-19 JN1 ကာကွယ်ဆေးထိုးနှံပေးခြင်းကို နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။

အေးအေးနွဲ့(လှည်းကူး)