လမ်းမတော်မြို့နယ် သူနာပြုတက္ကသိုလ် ပင်မဆောင်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

လမ်းမတော်  ဇွန်   ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အမှတ်(၁၁) ရပ်ကွက်၊ သူနာပြုတက္ကသိုလ် ပင်မဆောင်တွင် ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer JN 1) ကို ယနေ့နံနက်  (၁၀)နာရီအချိန်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လမ်းမတော်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာနီနီအေး ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ သူနာပြုတက္ကသိုလ် ပင်မဆောင်တွင် ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက်အလက် ကောက်ယူခြင်းများ ဆောင်ရွက်ပြီး ကိုဗစ်၁၉-ရောဂါကာကွယ်ဆေး (Pfizer JN 1)ကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်