မရမ်းကုန်း ဇွ န် ၁၂
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စန္ဒိမာခန်းမတွင် ယနေ့ နေ့လယ် (၁၂)နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအသိပညာပေး ဟောပြောခြင်း၊ အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းကို မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့သည်။
အသိပညာပေး ဟောပြောပွဲအခမ်းအနားတွင် ရန်ကုန်အနောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားပြောကြားခြင်း ဦးစီးအရာရှိ ဦးရဲနောင်ချစ်က ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခြင်း စာရေးဆရာမ ပေါက်ပေါက်က ယနေ့လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းနှင့် စာရေးဆရာမ တင့်တယ်ခင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း အကျယ်တဝင့် ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများအား မူးယစ်အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်း၊ သုတ/ရသ စာအုပ်များပြသခြင်းများ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ကိုရဲ (မြို့နယ်ပြန်ဆက်)