ကွမ်းခြံကုန်း ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီ၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်မြို့နယ် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ နှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက မင်းပိုင်းရပ်ကွက်၊ အ-မ-ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦထိန်လင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦး ကစာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ စာဖတ်သည့်အလေ့အထဖြစ်ပေါ်လာစေ ရန်နှင့်နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက်နေတဲ့ ကမ္ဘာကြီးမှာနေထိုင်ကြတာ၊ တဖြည်းဖြည်းနှင့်စာအုပ်၏ အခန်းကဏ္ဍဟာလည်း ပိုပြီးအရေးပါလာကြောင်း၊ ခေတ်မီတိုးတက်ပြောင်းလဲလာသော လူနေမှု၊ ပတ်ဝန်းကျင်အသိုင်းအဝန်း၊ အဆင့်အတန်းမြင့်မားလာမှုများကြောင့် မြန်မာလူငယ်များအနေနှင့်လည်း နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင် အပတ်တကုတ်ကြိုးစားရန် လိုအပ်လာကြောင်း ဟောပြောခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန၊ လက်ထောက်ဆေးခန်းမှူး ဒေါ်အေးမြတ်စိုးကတိုင်းရင်းဆေးအကြောင်း သိကောင်းစရာစသည်တို့ကို ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသူ/သားများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များအား စိတ်ဝင်းစားစွာ ဖတ်ရူလေ့လာခြင်းနှင့် ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)