ဒဂုံတောင် ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးဆင့်ပွား သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပကြောင်း သိရသည်။အခမ်းအနားတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ကျောင်းကျန်းမာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ယခုကျောင်းဖွင့်ရာသီရောက်ရှိလာပြီး ကျောင်းသား/ ကျောင်းသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို မိမိတို့ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ ကျောင်းသား/ကျောင်းသူများ ၊မိဘများ၊ ကျောင်းအကျိူတော်ဆောင်များ လက်တွဲညီညီဖြင့် ဆောင်ရွက်သွားကြမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ လိုက်နာရန်အချက်များ၊ ကျန်းမာမှ ပျော်ရွှင်မှုသုခကို အပြည့်အဝခံစားနိုင်ပြီး နိုင်ငံအတွက် ကျန်းမာကြံ့ခိုင်တဲ့ကို ပညာရည်ချွန် လူရည်မွန်များ ဖြစ်လာကြမည်ဖြစ်ကြောင်း၊ ကျောင်းအခြေပြုကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းပတ်၀န်းကျင် သန့်ရှင်းရေးလုပ်ငန်း၊ ကျောင်းတွင်း အာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာအန္တရာယ်ကင်းဝေးရေး လုပ်ငန်းများအကြောင်းများစသဖြင့် ပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်ခိုင်က ကျောင်းကျန်းမာရေး လုပ်ငန်းများအားစနစ်တကျ ပေါင်းစပ်လုပ်ကိုင်မည့် အခြေအနေများ ရှင်းလင်းပြောကြားသည်။
ထို့နောက် အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ကျောင်းအုပ်ဆရာကြီးများနှင့် ပညာရေးဝန်ထမ်း ( ၂၉၈ ) ဦး အား ကိုဗစ် (၁၉) ရောဂါ ကာကွယ်ဆေး (Pfizer Comirnaty JN.1) ထိုးနှံပေးကြောင်းနှင့် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ မြို့နယ်ကျောင်းကျန်းမာရေး ကော်မတီဝင်များ၊ ကျောင်းအုပ်ဆရာကြီးများ၊ ကျောင်းကျန်းမာရေးတာဝန်ခံ ဆရာ/ဆရာမ များတက်ရောက် ကြသည်။
သန်းသန်းအေး