မရမ်းကုန်းမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲဖြေဆိုသူ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

မရမ်းကုန်း ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် (၅) ရပ်ကွက်ရှိ ကလေးဝတောရကျောင်းတွင် ကျင်းပသည့် ပါဠိပထမပြန်စာမေးပွဲအား ဇွန်လ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီက စတင်ဖြေဆိုခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပါဠိပထမပြန်စာ​မေးပွဲကို စုစုပေါင်း သံဃာတော် (၈၄၂)ပါးနှင့် သီလရှင် (၁၀၂) ပါးတို့ ဝင်ရောက်ဖြေဆိုတော်မူခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးတင်ထွဋ်အောင်နှင့် အဖွဲ့မှ လာရောက်ဖူးမြော်၍ လိုအပ်သည်များ မေးလျှောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီအသင်းမှ ရှေးဦးပြုစုရေးတာဝန်တပ်ခွဲမှူး တင်ထွန်းဝင်းဦးဆောင်၍ စုစုပေါင်း (၆)ဦးတို့က လာရောက်ဖြေဆိုကြသည့် သံဃာတော်များအား သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)