လသာမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာ​ပေး ​ဗွီနှိုင်းချိတ်ဆွဲထားမှုအား ကွင်းဆင်းစစ်​ဆေး

လသာ ​​ဇွန် ၁၂

ရန်ကုန်တိုင်း​ဒေသကြီး၊ လသာမြို့နယ်၌ ​ပြေစာအမှတ်တံဆိပ်ကပ်နှိပ်​ရောင်းချရ​သော ဆိုင်များတွင် အခွန်ဆိုင်ရာ အသိပညာ​ပေး​ကြေညာချက်နှင့် ပတ်သက်၍ အများပြည်သူသိရှိနိုင်ရေး အသိပညာ​ပေး​ဗွီနှိုင်းချိတ်ဆွဲခြင်းကို ဇွန်လ ၁၀ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်း​ဆောင်ရွက်ခြင်းကို မြို့နယ်အခွန်ဦးစီးဌာနမှူး ​ဒေါ်မိမိတင်​ငွေနှင့် မြို့နယ်အထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွန်းဝင်းတို့ ဦး​ဆောင်၍ မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပူး​ပေါင်း၍ လသာမြို့နယ်အတွင်းရှိ ပြေစာအမှတ်တံဆိပ်ကပ်နှိပ်​ရောင်းချ​သော ဆိုင်များတွင် “နိုင်ငံကြီးသားပီသစွာ ဤဆိုင်တွင် အခွန်​ဆောင်ပါ” ဟူ​သော ​ကြေညာချက်ဗွီနှိုင်းကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိ​​စေ​ရေး ထပ်မံချိတ်ဆွဲခြင်း၊ စစ်​ဆေးခြင်းများ ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

​နေလင်း (ပြန်/ဆက်)