ဒဂုံတောင် ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် မကူးစက်နိုင်သော ရောဂါအန္တရာယ် အသိပညာပေးနှင့် သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်တွင်းရှိ ကျန်းမာရေးဌာနများတွင် ဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာကြံ့ခိုင်သော လူသားများအဖြစ် ပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ (၅၆)ရပ်ကွက် ဒေသန္တရ ကျန်းမာရေးဌာန၊ (၁၈)ရပ်ကွက် ဒေသန္တရ ကျန်းမာရေးဌာန၊ သိမ်ချောင်းကျေးလက် ကျန်းမာရေးဌာန၊ လေးထောင့်ကန်ကျေးလက် ကျန်းမာရေးဌာနတို့၌ မကူးစက်နိုင်သော ရောဂါများ၊ များဖြစ်သော သွေးတိုး၊ ဆီးချို၊ နှလုံးနှင့် ကင်ဆာရောဂါများ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဆွေနွေးပေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ဆီချိုတိုင်းပေးခြင်း၊ ကိုယ်လက်လှုပ်ရှား ပြုလုပ်စောင့်ရှောက်ပေးခြင်းများစသော သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးကြောင်း သိရသည်။
သန်းသန်းအေး