ပြင်ဦးလွင် ဇွန် ၁၂
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့အား ဂုဏ်ပြုသောအထိမ်းအမှတ်ဖြင့် ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်ရုံးတို့မှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့၊ ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်ရုံးတို့မှဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲတွင် သွေးလှူရှင်များမှ ပြင်ဦးလွင်မြို့၊ ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများ၏ ကျန်းမာရေးစစ်ဆေးချက်များကို သေချာစွာအစစ်ဆေးခံယူလျက်ရှိပြီး ဖြူစင်သောစိတ်ဓါတ်ဖြင့် မိမိတို့၏ စင်ကြယ်သောသွေးများကို စေတနာအပြည့်ဖြင့် ပြင်ဦးလွင်မြို့ရှိ သွေးလှူဘဏ်သို့ ပါဝင်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး စုပေါင်းသွေးလှူဒါန်းပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထူး၊ အတွင်းရေးမှူး ခရိုင်ရဲမှူးကြီး ဒုရဲမှူးကြီး ဝဏ္ဏစိုးအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး ဦးမျိုးထက်ဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းအောင်ကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်တို့မှ လာရောက်အားပေးခဲ့ကြရာ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး၊ ဦးကျော်လွင်ဦးနှင့် ဝန်ထမ်းများမှကြိုဆိုခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များမှ ကြက်ဥ၊ အားဆေး၊ ဓာတ်ဆားနှင့် အာဟာရဝယ်ယူသုံးစွဲရန် ထောက်ပံ့ငွေတို့အား သွေးလှူရှင်ဝန်ထမ်းများအား ထောက်ပံ့ပေးခဲ့ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)