ကွမ်းခြံကုန်း ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇွန်လ ၁၀ ရက် နံနက် ၁၀ နာရီ တောင်ဘက်ပိုင်းရပ်ကွက်၊ သီရိမင်္ဂလာ အ.မ.ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ စာဖတ်သည့်အလေ့အထဖြစ်ပေါ်လာစေရန်နှင့် ဘောဂဗလ၊ ကာယဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊ စာရိတ္တဗလ စသည့် ဗလငါးတန်ပြည့်ဝသည့် လူငယ်များဖြစ်လာစေရန်နှင့် စာပေသည်မကောင်းမြစ်တာ ကောင်းရာညွှန်ပြနိုင်ကြောင်း၊ စာဖတ်သူကို ဉာဏ်အလင်းရောင်ရအောင် ပေးဆောင်နိုင်ကြောင်း၊ စာပေသည် လူသားတို့၏ ဘဝရှေ့ဆောင် မီးရှူးရောင် ဆိုသည့်စကားအတိုင်း လောကတွင် အမှောင်ခွင်း၍ အလင်းဆောင်သူများမှာ စာပေသာဖြစ်ကြောင်းနှင့် စာမဖတ်ခြင်းက သင့်ဘဝကို နိမ့်ကျစေမှာဖြစ်ပြီး စာဖတ်ခြင်းကတော့ သင့်ဘဝကို တောက်ပစေမှာ စသည့်အကြောင်းအရာများ ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များအား စိတ်ဝင်းစားစွာ ဖတ်ရှုလေ့လာခြင်းနှင့် ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်အား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)