ကြည့်မြင်တိုင် ဇွန် ၁၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းတို့ပူးပေါင်းပြီး စာရေးဆရာကျော်မောင်မောင် (မြင်းဝင်း) ရေးသားသည့် “ကိုယ်ပျောက်သရုပ်ဆောင် ” ရသဝတ္ထုစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဇွန်လ ၁၀ ရက် နေ့ နေ့လယ် ၁ နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားပြီး၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အသင်းဥက္ကဋ္ဌ စာရေးဆရာမတင့်တယ်ခင်က စာဖတ်ဝိုင်းအား ဦးဆောင်ဆွေးနွေးခဲ့သည်။.
ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းမှ အဖွဲ့ဝင်များက ကိုယ်ပျောက်သရုပ်ဆောင်များ၏ ဘဝခံစားချက်များအကြောင်း၊ ရွက်ပုံးသီးများ၏ ဘဝအတွေ့အကြုံများ၊ ဘဝမှတ်တမ်းတစ်ခုကို မှတ်တမ်းတင်ရေးဖွဲ့ထားသည်များဖြစ်၍ ဗဟုသုတများရရှိပါကြောင်းနှင့် ကိုယ်တိုင်ကြုံတွေ့ရသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
အဆိုပါစာဖတ်ဝိုင်းသို့ စာပေဝါသနာရှင်များ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းမှ အဖွဲ့ဝင်များ တက်ရောက်ပါဝင်ဆွေးနွေးကြကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)