တောင်ဥက္ကလာပ ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ငလာပမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မူကြိုကလေးငယ်များအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက အမှတ် (၁၄) ရပ်ကွက်၊ မြလေးလမ်းရှိ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူကြိုကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်းတို့ပူးပေါင်း၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ မူကြိုကလေးများအား သွားကျန်းမာရေးစစ်ဆေးခြင်းနှင့် မှန်ကန်သောသွားတိုက်ခြင်းနည်းစနစ်အား သင်ကြားပေးခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း၊ သံချဆေးတိုက်ကျွေးခြင်း၊ အရပ်တိုင်းခြင်း၊ ပေါင်ချိန်ပေးခြင်း၊ လက်မောင်းပတ်တိုင်းပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးပြောပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်မှုတွင် တောင်ဥက္ကလာပမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူကြို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၉ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)