ဇမ္ဗူသီရိမြို့နယ်၌ စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရေး စားသုံးဆီရောင်းချသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ဇမ္ဗူသီရိ ဇွန် ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရေး စားသုံးဆီရောင်းချသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ နေပြည်တော်စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဈေးစည်ပင်မှတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများပူးပေါင်းကာ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သပြေကုန်းဈေး၊ မြို့မ‌ဈေးအတွင်းရှိ စားသုံးဆီရောင်းချသည့်ဆိုင်များအား စားသုံးဆီများ သတ်မှတ်အရည်အသွေး ပြည့်မီစေရေး၊ စားသုံးသူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ပြည်သူများ ဝယ်ယူစားသုံးနိုင်ရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားသုံးဆီရောင်းချသည့်ဆိုင်များအား သတ်မှတ်ဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိပါက ဖော်ထုတ်အရေးယူခြင်းနှင့် ပြောကြားခဲ့ကြောင်း သိရသည်။

တင့်ဖူးခိုင်(ပြန်/ဆက်)