ပုဗ္ဗသီရိ ဇွန် ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ် (၁) နာရီအချိန်က အ.မ.က(သုခဒီပ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆွေဆွေအေးက ကျောင်းသားမောင်မယ်များ ဗလငါးတန်နှင့် ပြည့်စုံသည့် သားကောင်း ရတနာလေးများ ဖြစ်လာစေရန် ပညာ၏ အဓိပ္ပာယ်၊ စာဖတ်ခြင်းဖြင့် လှပသောအနာဂတ်ကို မိမိတို့ကိုယ်တိုင် ဖန်တီးတည်ဆောက်နိုင်ပုံ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာအတတ်ညာနှင့် ပြည့်စုံမှသာလျှင် လောကကောင်းကျိုးကို ကောင်းစွာ သယ်ပိုးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲအပြီးတွင် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုထားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
နန်းရွှေရတီ(ပြန်/ဆက်)