ဒဂုံအရှေ့ ဇွန် ၁၂
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိရပ်ကွက်/ ကျေးရွာ အုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းက အမှတ် (၇) ရပ်ကွက်သို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းထွန်းနှင့်ဝန်ထမ်းများက အမှတ် (၇) ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများ၊ Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ရွေ့ပြောင်းနေထိုင်သူများကိုလည်း ကော်မတီဖြင့်စိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်းလည်း သိရသည်။
အေးမဉ္ဇူ