မိုင်းစံမြို့တွင် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

မိုင်းစံ ဇွန် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကမ္ဘ့ာကလေးအလုပ်သမားဆန့်ကျင် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့နံနက် (၁၀) နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများကို ဖြန့်ဝေခဲ့ကြောင်း သိရသည်၊၊

အဆိုပါ လက်ကမ်းစာစောင်တွင် “သင့်ကြောင့်” အမည်ဖြင့် ကလေးအလုပ်သမားပပျောက်ရေး ကဗျာတစ်ပုဒ်အပါအဝင် အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကလေးအလုပ်သမား၏အဓိပ္ပာယ်နှင့် ကလေးသူငယ်အခွင့်ရေးဆိုင်ရာ ဥပဒေပြဌာန်းချက်များပါဝင်ပြီး ကလေးအလုပ်သမားပပျောက်ရေးအတွက် ဥပဒေစည်းမျဥ်းများကို ထည့်သွင်းဖော်ပြထားကြောင်း သိရသည်၊၊

မိုင်းစံ(ပြန်/ဆက်)