ဒဂုံမြောက် ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ရောင်းချသော ဆိုင်များတွင် အခွန်ဆိုင်ရာအသိပညာပေး ကြေညာချက်နှင့်ပတ်သက်၍ အများပြည်သူသိရှိနိုင်ရေး အသိပေးကြေညာချက် ဗီနိုင်းချိတ်ဆွဲခြင်းကို ဇွန်လ ၁၀ ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်သီသီခိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဦးစိုးဝင်းထွန်းတို့ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်တွင်းအခွန်ဦးစီးဌာနတို့ပူးပေါင်းပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်းရှိ “နိုင်ငံကြီးသားပီသစွာ ဤဆိုင်တွင်အခွန်ဆောင်ပါ” ဟူသော ကြေညာချက်ဗီနိုင်းကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ထပ်မံချိတ်ဆွဲခြင်း၊ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ