ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းများ စုပေါင်းဆောာင်ရွက်

ဒဂုံအရှေ့ ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး၊ ကြိုတင်ကာကွယ်နှိမ်နှင်းရေး (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများကို ဇွန်လ ၁၀ ရက်နေ့နံနက်ပိုင်းက မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာများရှိ အခြေခံပညာကျောင်းများ၊ လူနေအိမ်များတွင် စုပေါင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များပူးပေါင်း၍ သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နှင်းရေးလုပ်ငန်း (ဖုံး၊ သွန်၊ လဲ၊ စစ်) သရုပ်ပြခြင်းများ၊ အဘိတ်ဆေးခပ်ခြင်းများ၊ သွေးလွန် တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို အသိပညာပေး ပြောကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ