လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းများစုပေါင်းသွေးလှူဒါန်း

ကျောက်ပန်းတောင်း ဇွန် ၁၂

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်မှူးရုံးမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဝန်ကြီးဌာန၏ နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲတွင် ကျောက်ပန်းတောင်းမြို့နယ်မှူးရုံးမှ ဝန်ထမ်း (၅) ဦးတို့က ဇီဝိတဒါန သွေးလှူဒါန်းခဲ့ကြပြီး၊ အဆိုပါ သွေးလှူရှင် ဝန်ထမ်းများအား မြို့နယ်ဦးစီးမှူး ဦးစိုးပိုင်၊ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက အဟာရဖြည့် စာသောက်ဖွယ်ရာများနှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး၊ သွေးလှူဒါန်းမှုအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်ထူးမြတ်နှင့် တာဝန်ကျ ဆရာ/ဆရာမများက လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)