မက်မန်း ဇွန် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ လမ်းဦးစီးဌာနမှ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း/တံတားလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ အိတ်ဖွင့်တင်ဒါအမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မက်မန်းခရိုင်လမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တင်ဒါကော်မတီဥက္ကဋ္ဌကိုယ်စား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင် လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) တင်ဒါကော်မတီ အတွင်းရေးမှူး ဦးပြည်ကျော်ခိုင်မှ တင်ဒါနှင့်ပတ်သက်သည့် အချက်အလက်များနှင့် တင်ဒါစည်းမျဉ်း၊ စည်းကမ်းချက်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း/တံတားလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခဲ့သော Lot အရေအတွက် (၃) ခုအတွက် တင်ဒါလျှောက်လွှာပုံစံ (၉)စောင် ရောင်းချခဲ့ပြီး တင်ဒါယှဉ်ပြိုင်သူဦးရေ (၄)ဦးနှင့် တင်ဒါအာမခံကြေး (၁)ရာခိုင်နှုန်းဖြင့် (၉)စောင်ပေးသွင်းခဲ့ကြောင်းနှင့် တင်ဒါစည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အေဇက်ထွန်း(မက်မန်း)