နမ့်စန်(တ) ဇွန် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဇွန်လ ၁၂ ရက်နေ့၌ ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အတွက် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီက ထုတ်ဝေသည့် ‘ချယ်ရီမြေ’ လက်ကမ်း စာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နေ့လယ် ၁၁ နာရီအချိန်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်နှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ဟိုက်ဖတ်ကျေးရွာ အ.ထ.ကကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် နမ့်စန်မြို့ပေါ်လူစည်ကားရာ နေရာများရှိ ပြည်သူများကို ‘ချယ်ရီမြေ’ လက်ကမ်းစာစောင် စုစုပေါင်း စောင်ရေ (၁၀၀ ) ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်း စာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်များ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဌာန်းချက်များ၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်နှင့် ကဗျာဆရာ မြနှင်းသုန်၏ သင့်ကြောင့် အသိပညာပေးကဗျာနှင့် အသိပညာပေး ကာတွန်းရုပ်ပုံများ ပါဝင်ကြောင်း သိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)