ကလော ဇွန် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Progress is Clear , but there's more to do : Let's speed up efforts! “တိုးတက်မှုများ ထင်ရှားလည်း ပိုမိုဆောင်ရွက်ဖို့ကြိုးပမ်းမှု အရှိန်အဟုန်မြှင့်တင်စို့” ဆောင်ပုဒ်ဖြင့် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီမှ တာဝန်ခံထုတ်ဝေသည့် ချယ်ရီမြေ သတင်းစကား လက်ကမ်းစာစောင်ကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေပြဌာန်းချက်များ၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်း ချက်(၃)ရပ်၊ အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များ၊ စာရေးသူ-မြနှင်းသုန် ရေးသားသည့် သင့်ကြောင့် ကဗျာတို့ပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)