ဒဂုံတက္ကသိုလ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စာသုံးဆီများရောင်းချပေး

ဒဂုံ(အရှေ့ပိုင်း) ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ်၌ဆရာ/ဆရာမများနှင့် ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် စားသုံးဆီများကို ဇွန်လ ၁၀ ရက်နေ့နံနက်ပိုင်းက ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာ၌ ဝန်ထမ်းတစ်ဦးလျှင်(၃)ပိဿာနှုန်းဖြင့် စုစုပေါင်း(၉၇၀)ဦးရောင်းချပေးခဲ့ပြီး  ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာဝင်းဝင်းသန်းနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများကစားသုံးဆီများကို ဘာသာရပ်/ဌာနအသီးသီးမှ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများလက်ရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇွဲမင်းထက်