မိုင်းရှူး ဇွန် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းကော်မတီမှ တာဝန်ခံထုတ်ဝေပေးသည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ချယ်ရီမြေ လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၁) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့် စျေးဆိုင်ခန်းများသို့ လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဌာန်းချက်များ၊ ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးအလုပ်သမား၏အသက်အရွယ်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်၊ အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ စာရေးသူ မြနှင်းသုန် ရေးသားသည့် “သင့်ကြောင့်” ခေါင်းစဉ်ဖြင့်ကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များဖြင့် အသိပညာဗဟုသုတရဖွယ် ကဏ္ဍစုံလင်စွာ ထည့်သွင်းဖော်ပြထားရှိကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)