ပထမပြန်စာမေးပွဲနှင့် နိကာယ်စာမေးပွဲတွင် အောင်မြင်တော်မှုသော စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် အလှူငွေများ ဆက်ကပ်

သုံးခွ ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် အမှတ်(၁၁)ရပ်ကွက် မဟာအတုလဝေယံ သာသနာ့ဗိမာန်၌ ပထမပြန်စာမေးပွဲနှင့် နိကာယ်စာမေးပွဲတွင် အောင်မြင်တော်မှုသော စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် အလှူငွေများ ဆပ်ကပ်လှူဒါန်းပွဲကို ဇွန်လ (၁၀) ရက်နေ့ ညနေ ၅နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသုမနသီရိထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ပထမပြန်စာမေးပွဲနှင့် နိကာယ်စာမေးပွဲ အောင်မြင်တော်မူသည့် စာအောင်သံဃာတော် (၁၉)ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးလင်းမောင်သက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တအုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေနှင့် ဌာနဆိုင်ရာများ၊ အလှူရှင်များက စာအောင်လက်မှတ်နှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဩဝါဒစရိယ ဘဒ္ဒန္တပညာနန္ဒ (သဒ္ဓမ္မဇောတိကဓဇ)မှ ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)