လဲချား ဇွန် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့၌ ဇွန်လ ၁၂ ရက်နေ့တွင် ကြရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီမှ ထုတ်ဝေသည့် ချယ်ရီမြေလက်ကမ်းစာစောင်များအား ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ ချယ်ရီမြေလက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကူညီစောင့်ရှောက်ပေး၊ စာရေးဆရာ မြနှင်းသုန်၏ သင့်ကြောင့်(ကဗျာ)၊ အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေပြဌာန်းချက်များပါဝင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လဲချားမြို့ရုံးဝန်ထမ်းများက အများပြည်သူများ သိရှိစေရန်ရည်ရွယ်၍ လူစည်ကားရာစျေးများ၊ စျေးဆိုင်ခန်းများ၊ စက်ရုံအလုပ်ရုံများ၊ လက်ဖက်ရည်ဆိုင်များတွင် ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)