သန်လျင်မြို့နယ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန် ဇွန် ၁၂

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့်ဂေဟစနစ်ထိန်းသိမ်းရန်ရည်ရွယ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်၈နာရီတွင် သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာအုပ်စု၊ မူလွန်အမှတ်(၁) ကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးတင့်က ဌာနဆိုင်ရာများအား ပျိုးပင်မျာ်ပေးအပ်ပြီး သတ်မှတ်နေရာအသီးသီး၌ သစ်ပင်များစိုက်ပျိုးပေးကြသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာ်ဦးစီးအရာရှိဦးတင့်နိုင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ(၂၇၀)ဦးခန့် တက်ရောက်ပြီး ယနေ့စိုက်ပျိုးမှုတွင် ပျဥ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ ခရေ၊ ပျဉ်းမ၊ မာန်ဂျာန်ရှား ပျိုးပင်ပေါင်း(၅၀၇)ပင်ကို စိုက်ပျိုးပေးခဲ့ကြကြောင်းသိရသည်။

ဖြိုးသီဟ