သုံးခွ ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ဇွန်လ (၁၀) ရက်နေ့ နံနက် ၁၀ နာရီခွဲက အထက (၂) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားနှင့်ခံတွင်းဘက်ဆိုင်ရာဆရာဝန် ဒေါက်တာသင်းနန္ဒာဆွေက သွားတစ်ချောင်းဖွဲ့စည်းတည်ဆောက်ပုံ၊ သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါသုံးမျိုးအကြောင်း၊ သွားတိုက်ချိန်နှင့် သွားတိုက်နည်းစနစ် မှန်ကန်စေရေး အကြောင်းအရာများကိုလည်းကောင်း၊ ဦးကောင်းဆက်နိုင်၊ ကြီးကြပ်ရေးမှူး အဆင့်(၁)က ဆေးလိပ်၊ ဆေးရွက်ကြီး၊ Vape ၊ အီးစ်စီးကရက်၊ ကွမ်းယာ၊ အရက်၊ မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးများ၊ စူးစမ်း၊ စမ်းသပ်သုံးစွဲခြင်းမပြုရန် လိုအပ်ပုံ၊ သားဖွားဆရာမ ဒေါ်အေးဝင်းဌေးက မျိုးဆက်ခြား ကျန်းမာရေးအကြောင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ မြို့နယ်သူနာပြုတပ်ဖွဲ့မှတပ်စုမှူး ဦးလင်းနိုင်ထွန်းက သဘာဝဘေးအန္တရယ်များအကြောင်းနှင့် ရှေးဦးပြုစုခြင်းအကြောင်းအရာများကို အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေဝင်း၊ ဆရာ၊ ဆရာမများ၊ အထက်တန်း ကျောင်သား၊ ကျောင်းသူ (၂၇၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)