သုံးခွ ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇွန်လ၁၀ရက်နေ့မွန်းလွဲ၁နာရီက ကျောင်းသစ်ကျောင်း လောကမာရဇိန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးဦးမြရွှေက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူများကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့်စာပေများကို လေ့လာဖတ်ရှု့စေလိုကြောင်း၊ စာပေဖတ်ရူ့ခြင်းကြောင့် အတွေးအခေါ်များမြင့်မားလာပြီး အသိပညာဗဟုသုတများရရှိစေရန်၊ ဗလငါးတန်ဖြင့်ပြည့်စုံကြွယ်ဝသည့် လူငယ်လူရွယ်များပေါ် ထွန်းလာစေရန်နှင့် မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်းကို ဟောပြောခဲ့သည်။ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်စန်းစန်းမော်က စားသုံးသူအခွင့်အရေးနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းရှိ/မရှိ အကြောင်းအရာများ၊ မြန်မာဘာသာဖြင့် ရေးသားထားသောအစားအစားများကို စားသုံးရန်နှင့်စားသုံးသူအခွင့်အရေး (၈)ချက်အကြောင်းအရာများကို ပြောကြားခဲ့သည်။
ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သုတ၊ရသစာအုပ်များနှင့်အသိပညာပေးနံရံကပ်စာစောင်များကို ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ကြကြောင်း သိရသည်၊၊
စည်သူလင်း