ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

ချမ်းအေးသာစံ ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့ နံနက် ၁၁ နာရီတွင် Community Centre အစည်းအဝေးခန်းမ၌ စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဝန်ထမ်းကျင့်ဝတ်စာအုပ်မှ “ဝန်ထမ်းများ လိုက်နာရမည့် တာဝန်များ၊ ဝန်ထမ်းစည်းကမ်းများနှင့် ဌာနဆိုင်ရာ အရေးယူခြင်း၊ ပြစ်မှူနှင့်ပြစ်ဒဏ်များ” စသည့် ခေါင်းစဥ်များကို အသေးစိတ်ရှင်းလင်းဖတ်ကြားခဲ့သည်။

ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလွင်မှ “ဝန်ထမ်း၏ ဝန်ထမ်းမှူဆိုင်ရာ ခံစားခွင့်များ”ခေါင်းစဥ်ဖြင့် “ဝန်ထမ်းများ၏ အခြေခံအခွင့်အရေးများ၊ တာဝန်ထမ်းဆောင်မှုကို အကြောင်းပြုသော ခံစားခွင့်များ၊ ခွင့်နှင့် စပ်လျဥ်းသည့် သတ်မှတ်ချက်များနှင့် ခွင့်အမျိုးအစားများ”စသည့် အကြောင်းအရာများကို ဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်