ညောင်ဦး ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအဖွဲ့များ၏ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ မြို့နယ်အတွင်းရှိပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့်ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့်အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခြင်းကို ဇွန်လ ၁၂ ရက်၊ နံနက် ၁၁ နာရီခွဲအချိန်က သာယာဝတီရပ်ကွက်ရှိ နေအိမ်များနှင့်အခြေခံကျောင်းများတွင် အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း အဖွဲ့ဝင်များပူးပေါင်း၍ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်း ရေအုတ်ကန်များရှိ ရေပမာဏ၊ ရေအုတ်ကန်အလျား၊ အနံအကျယ်အဝန်းတိုင်းတာ၍ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မိုးဦးကျရာသီတွင် ဖြစ်ပွာလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် ငှက်ဖျားရောဂါကင်းဝေးစေရေးအတွက် ရပ်ကွက်နှင့် ကျောင်းများအတွင်းရှိ ရေအုတ်ကန်များ၊ ရေလှောင်ကန်များ၊ ကားတာရာအဟောင်းများ၊ မော်တော် ဆိုင်ကယ်တာယာအဟောင်းများအတွင်း ရေဆိုး၊ ရေညစ်များအားသွန်ပစ်ခြင်း၊ ခြင်များပေါက်ပွားမှုမရှိစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း