ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန်စာ‌အောင်သံဃာ စူဠဘွဲ့နှင်းသဘင်ပူ‌ဇော်ပွဲအခမ်းအနား ကျင်းပ

ကွမ်းခြံကုန်း ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန် စာအောင်သံဃာ စူဠဘွဲ့နှင်းသဘင်ပူ‌ဇော်ပွဲအခမ်းအနားကို ကံကြီး/မကျီးရပ်ကွက် ဇေယျသိန်ကျောင်းတိုက်၌ ဇွန်လ (၁၀) ရက်နေ့နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားကို ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ‌ပဏ္ဏိတထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦးက သာသနာရေးဆိုင်ရာကိစ္စများအား လျှောက်ထားခဲ့ပြီး ကြွရောက်လာသော ဩဝါဒဆရာတော်များအား နဝကမ္မဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကွမ်းခြံကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဓမ္မစာရိယ(၁၀)ပါး၊ နိကယ်(၁၁)ပါး၊ ပထမကြီးတန်း(၁)ပါး၊ ပထမလတ်(၂)ပါး၊ ပထမငယ်(၁၀)ပါး၊ အခြေပြုမူလတန်း(၂၃)ပါး၊ စုစုပေါင်း(၅၇)ပါး အောင်မြင်ခဲ့ကြပြီး စာအောင်သံဃာတော်များအား အောင်လက်မှတ်များနှင့် နဝကမ္မဝတ္တုငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးရဲတင့်နှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

‌ဆွေနွယ် (ပြန်/ဆက်)