ချမ်းမြသာစည် ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ဇော်ဦးက အမှာစကားပြောကြားပြီးနောက် မြို့နယ်အမျိုးသမီးကော်မတီအတွင်းရေးမှူး ဒေါ်ဖြူဖြူခိုင်က လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး တက်ရောက်လာကြသော အဖွဲ့ဝင်များက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဌာနဆိုင်ရာများ၊ အဖွဲ့ဝင်များနှင့်ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့