ကျောက်ဆည်မြို့တွင် ငလျင်ဘေးသင့်ကျောင်းသား/ကျောင်းသူများအား Rotary Club အဖွဲ့မှ ကျောပိုးအိတ်နှင့် စာရေးကိရိယာများ လှူဒါန်း

ကျောက်ဆည် ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငလျင်ဘေးသင့်သော အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ‌Grade-1၊ Grade-2 ကျောင်းသား/ကျောင်းသူများအား ဒေါ်စန္ဒီ ဦးဆောင်သော Rotary Club အဖွဲ့မှ ကျောပိုးအိတ်နှင့်စာရေးကိရိယာများကို ယနေ့နံနက် (၉) နာရီက လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့သို့ လှူဒါန်းရာတွင် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်၊ ကျောက်ဆည်တပ်နယ်မှူး ဗိုလ်မှူးချုပ် တိုးမြင့်ကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်တို့သည် ငလျင်ဘေးသင့် ‌Grade-1၊ Grade-2 ကျောင်းသား/ကျောင်းသူများအား Rotary Club အဖွဲ့မှ လှူဒါန်းနေမှုများကို ကြည့်ရှု့အား ပေးခဲ့ပြီး ကျောင်းသား (၁) ဦးလျှင် ကာလတန်ဖိုး (၄၅၀၀၀) ရှိ ကျောပိုးအိတ် (၁) လုံး၊ ခဲတံ (၁) ဒါဇင်၊ ကွန်ပါဘူး (၁) ဘူး၊ ပေတံ (၁) ချောင်း၊ ခဲဖျက် (၂) ခုတို့ကို  အခြေခံပညာကျောင်း (၅၀) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၉) ကျောင်းရှိ ကျောင်းသား/ ကျောင်းသူ (၁၂၀၅) ဦးအား လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်ပိုင်ပိုင်ကျော်