ကွန်ဟိန်းမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ကွန်ဟိန်း ဇွန် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား  ယနေ့ နံနက် (၉)နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဦးစီးအရာရှိ ဦးခွန်ရဲထွေးက ကလေးငယ်များ အသိပညာဗဟုသုတများရရှိစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောခဲ့ပြီး စာကြည့်တိုက်လက်ထောက်(၃) ဒေါ်သဲမာက လူငယ်များ ဥာဏ်ရည်ဥာဏ်သွေးထက်မြက်လာစေရန်၊ ဗဟုသုတများ တိုးပွားလာစေရန်အတွက် စာပေများဖတ်ရှုလေ့လာရန်လိုအပ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ယင်းနောက် စာအုပ်စာစောင်များကို ငှားရမ်းပေးခြင်း၊ ဖတ်ရှုစေခြင်းများ ဆောင်ရွက်ပေးပြီး ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများက ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)