ကျောက်ဆည်မြို့တွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရှေးဟောင်းစေတီများနှင့် ဘုန်းကြီးကျောင်းများ ပြန်လည်မွမ်းမံထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ကျောက်ဆည် ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော ရှေးဟောင်းစေတီများနှင့် ဘုန်းတော်ကြီးကျောင်းများ ရှေးမှုမပျက်ပြန်လည်မွမ်းမံထိန်းသိမ်းခြင်းနှင့် တည်ဆောက်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်၊ ကျောက်ဆည်တပ်နယ်မှူး ဗိုလ်မှူးချုပ်တိုးမြင့်ကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကျောက်ဆည်မြို့ မြင်စိုင်းရပ်ကွက်ရှိ နန်းဦးစေတီအား ရှေးမှုမပျက်ပြန်လည်မွမ်းမံထိမ်းသိမ်းခြင်း၊ ရှမ်းရွာကြီးကျေးရွာအနီးရှိ ပုဂံကျောင်း ပြိုကျပျက်စီးမှုများ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရှေးမှုမပျက်အသစ်ပြန်လည်မွမ်းမံတည်ဆောက်နိုင်ရေး ဆောင်ရွက်နေမှုများနှင့် ပတ္တာကျေးရွာရွာဦးကျောင်း ပင်မကျောင်းဆောင်ပြိုကျပျက်စီးမှုများအား ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး ငလျင်လှုပ်ခတ်မှုဒဏ်ခံနိုင်သည့် အဆောက်အဦများ တည်ဆောက်နိုင်ရေး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

အောင်ပိုင်ပိုင်ကျော်