မဟာအောင်မြေ ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မဟာအောင်မြေမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) နှင့် အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာဖြေဌာနများပြင်ဆင်ထားရှိမှုနှင့် သန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မဟာအောင်မြေမြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် စာဖြေဌာန (၅) ခုရှိပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုမည့် Grade-12 ကျောင်းသား၊ ကျောင်းသူများအား အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စာဖြေအဆောင်များအား စနစ်တကျပြင်ဆင်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဇော်မင်း