မဟာအောင်မြေ ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်း မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများအား ဖြိုချရှင်းလင်းနေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်အတွင်း မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စင်္ကြာနွယ်စဥ်ရပ်ကွက်၊ အကွက် (၆၈၃)၊ ၃၅လမ်း၊ ၇၃ × ၇၄လမ်းကြားရှိ ဒေါ်သန်းသန်းအေး၏ RC (၃) ထပ်တိုက်၊ မဟာအောင်မြေအရှေ့ရပ်ကွက်၊ အကွက် (၅၂၉)၊ လမ်း၈၀၊ ၃၈ × ၃၉ လမ်းကြားရှိ ဦးကြင်ဟုန်း(ခ)ဦးဝင်းလှိုင်၏ RC (၃) ထပ်တိုက်နှင့် ရတနာဘုမ္မိ အရှေ့ရပ်ကွက်၊ အကွက် (၅၄၃)၊၃၆လမ်း၊ ၈၁×၈၂လမ်းကြား ဦးကျန်ကော်စိုက်၏ RC (၄) ထပ်တိုက်အဆောက်အအုံဖြိုချရှင်းလင်းသည့်နေရာများသို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့် တာဝန်ရှိသူများ ရောက်ရှိပြီး ဖြိုချရှင်းလင်းနေမှု အခြေနေများအား ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်နေသည့်တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကြည့်ရှု စစ်ဆေးရာတွင် မဟာအောင်မြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဆွေလွင်အောင်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မဟာအောင်မြေမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အောင်ဇော်မင်း