တန့်ယန်း ဇွန် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်အား ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃)ရပ်၊ အပြည်ပြည်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ဆောင်ပုဒ်၊ ကဗျာ၊ ကာတွန်း၊ ကောက်နုတ်ချက်တို့ကို ဖော်ပြထားရာ ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုနိုင်ရန် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)