ကွမ်းခြံကုန်းမြို့နယ် စာဖတ်ရှိန်မြင့်တင်ရေး နယ်လည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ကွမ်းခြံကုန်း ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇွန်လ ၉ ရက်နေ့ နံနက် ၁၀ နာရီ တောင်ဘက်ပိုင်းရပ်ကွက် အ.မ.က ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ စာဖတ်သည့်အလေ့အထ ဖြစ်ပေါ်လာစေရန်နှင့် ဗလငါးတန်ပြည့်ဝသည့် လူငယ်များဖြစ်ပေါ်လာစေရန် စသည့်အကြောင်းအရာများအား ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်အား ပြသထားရာ ကျောင်းသား/သူ (၁၅၀)ဦးက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)