မိုးနဲမြို့နယ် အမှတ် (၁)အခြေခံပညာအလယ်တန်းကျောင်း၌ ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ

မိုးနဲ ဇွန် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ကမ္ဘာ့အလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသား/သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေ၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများပူးပေါင်းကာ ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီမှ တာဝန်ခံထုတ်ဝေထားသည့် “ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကူညီစောင့်ရှောက်ပေး၊ သင့်ကြောင့်”၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃)ရပ်၊ “တိုးတက်မှုများထင်ရှားလည်း ပိုမိုဆောင်ရွက်ဖို့ ကြိုးပမ်းမှု အရှိန်အဟုန်မြှင့်တင်စို့”၊ ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ အစရှိသည့်အကြောင်းအရာများပါရှိသော သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/သူလေးများ ဖတ်ရှုလိုက်ခြင်းဖြင့် အသိပညာတိုးပွားလာစေရန် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)