မြစ်သားမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များတွင် ရောင်းဈေးနှင့်ပင်ရင်းဝယ်သည့် ဈေးများအား သိရှိနိုင်ရေးအတွက် လိုက်လံစစ်ဆေးဆောင်ရွက်

မြစ်သား ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ဘိလပ်မြေရောင်းသည့်ဆိုင်များအား ရောင်းဈေးနှင့် ပင်ရင်းဝယ်သည့်ဈေးများ သိရှိနိုင်ရေးအတွက် လိုက်လံစစ်ဆေးဆောင်ရွက်ပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်း (၁) နာရီအချိန်က လိုက်လံစစ်ဆေးခဲ့သည်။

ထိုသို့ ဘိလပ်မြေအရောင်းဆိုင်များစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ  အမှု‌ဆောင်အရာရှိ (ဒုတိယညွှန်ကြားရေးမှူး) ဦးစိုးအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝေယံစိုး၊ ခရိုင်စားသုံးသူရေး ရာဦးစီးဌာနမှ မြစ်သားမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်မော်မော်အောင်နှင့်ဝန်ထမ်းများ၊ မြို့မရဲစခန်းမမှ စခန်းမှူးလင်းလင်းထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြစ်သားမြို့အတွင်းရှိ ဘိလပ်မြေများ၊ သံချောင်းများ၊ အထပ်သားများရောင်းသည့်ဆိုင်များတွင် ရောင်းဈေးနှင့် ပင်ရင်းဝယ်သည့်ဈေးများအား သိရှိနိုင်ရေးအတွက် လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)