လဲချား ဇွန် ၁၂
အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ အနာဂတ်ကိုဦးဆောင်နိုင်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်ထွန်းလာစေရန်နှင့် ကျောင်းသူများသွားလာရာ ၌အန္တရာယ်ကင်းစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်အခြေခံပညာမူလတန်းကျောင်း(နောင်ပန်)၌ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် အား/ကာတို့မှ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် လဲချားမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူးမှ ကြက်ခြေနီအကြောင်းသိကောင်းစရာအားလည်းကောင်း၊ ဒေါ်နန်းခမ်းနောင်းမှ အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်းအကြောင်းနှင့်ပတ်သက်၍ မိမိနှင့်မသက်ဆိုင်သည့် သံသယဖြစ်ဖွယ်ပစ္စည်းများ မကိုင်တွယ်ရန်နှင့် မိုင်းအန္တရာယ်အသိပညာပေးများ၊ ခရီးသွားလာရာ၌ ဆောင်ရန်၊ ရှောင်ရန်များအား ပြောကြားခဲ့ပြီး မြို့နယ် အား/ကာမှ လူငယ်နှင့်ခေါင်းဆောင်မှုအကြောင်းအရာများအား ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)