တာလေ ဇွန် ၁၂
၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ချယ်ရီမြေ လက်ကမ်းစာစောင်များကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းအချိန်က အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် အများပြည်သူများထံ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီမှ တာဝန်ခံထုတ်ဝေသည့် ချယ်ရီမြေ လက်ကမ်းစာစောင်တွင် ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများဥပဒေ ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေမှ ပြဋ္ဌာန်းထားသည့် ကလေးအလုပ်သမား၏ အသက်အရွယ်များ၊ ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံမှ အတည်ပြု လက်မှတ်ရေးထိုးခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ၏ ပြဋ္ဌာန်းချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃) ရပ်နှင့် ကလေးအလုပ်သမားပပျောက်ရေး ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များဖြင့် ကဏ္ဍစုံလင်စွာ ထည့်သွင်းဖော် ပြထားသည့် လက်ကမ်းစာစောင်များကို အသိပညာပေးဖြန့်ဝေခဲ့ကြောင်း သိရသည်။
သီတာအေး (ပြန်/ဆက်)