ကျိုင်းလပ်မြို့ အခြေခံပညာမူလတန်းကျောင်း(ကျဘိုခမ်း)၌ ဌာနဆိုင်ရာများစုပေါင်း၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်

ကျိုင်းလပ် ဇွန် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ကျခမ်းကျောက်အုပ်စု၊ ကျဘိုခမ်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ ယနေ့နံနက် (၁၀)နာရီအချိန်က ဌာနဆိုင်ရာများက ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျဘိုခမ်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသည် KG မှ Grade-5 အထိရှိပြီး သင်ကြားပေးသည့် ဆရာမ (၁)ဦးသာရှိခြင်း၊ ကျဘိုခမ်းကျေးရွာတွင် အိမ်ခြေ (၂၇)အိမ်သာရှိခြင်း၊ ဒေသခံများမှာလည်း တိုင်းရင်းသားများဖြစ်ခြင်း၊ လမ်းခရီးသွားလာရန် ခက်ခဲခြင်းတို့ကြောင့် ကျောင်းအတွက် လိုအပ်သည့်ပစ္စည်းများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် မုန့်များနှင့် ကျောင်းရှိဆရာမအတွက် လိုအပ်သည်များကို ကျိုင်းလပ်မြို့ နကသ AD ဦးကျော်စည်သူ၊ မြို့မြေစာရင်းဦးစီးမှူး ဦးမောင်မောင်တာ၊ သစ်တော ဦးမျိုးမင်း၊ ရေကြောင်း ဗိုလ်ကြီးဝင်းဇော်ဦးနှင့် ဦးမင်းသန့်ထွန်း၊ စရဖဆရာကြီး ဦးဝင်းမင်းထက်၊ နယ်မြေရဲစခန်းမှ တပ်ကြပ်ဦးကိုလင်း၊ ထွေ/အုပ်စာရေး ဦးမြင့်ထွန်းနှင့် ဦးအောင်ဇော်ဦးတို့မှ ကျောင်းသား၊ ကျောင်းသူများအတွက် ဗလာစာအုပ်၊ ခဲတံ၊ အချိုရေ၊ မုန့်တို့ကိုလည်းကောင်း၊ ကျောင်းဆရာမအတွက် ဆန်၊ ဆီနှင့် အလှူငွေတို့ကိုလည်းကောင်း သွားရောက်‌လှူဒါန်းခဲ့ကြောင်း သိရသည်။

 စန်းစန်းမြင့်(ပြန်/ဆက်)