မိတ္ထီလာ ဇွန် ၁၂
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အား ဂုဏ်ပြုသောအားဖြင့် မိတ္ထီလာခရိုင်နှင့် မြို့နယ်များရှိ ဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းပွဲကို ဇွန်လ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့ ခုတင် (၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အား ဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန မိတ္ထီလာခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်ဝင်းကျော်နှင့် မြို့နယ် (၄) မြို့နယ်မှ မြို့နယ်ဦးစီးမှူးများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန မိတ္ထီလာခရိုင်နှင့် မြို့နယ် (၄) မြို့နယ်မှ ဝန်ထမ်းများက သွေးပေါင်ချိန်ခြင်း၊ သွေးစစ်ခြင်းများ ပြုလုပ်ခဲ့ပြီး သွေးလှူဘဏ်သို့ သွေးလှူဒါန်းခဲ့ကြသည်။
ထို့နောက် မိတ္ထီလာမြို့ ခုတင် (၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်သို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန နှစ် (၃၀)ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အားဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းသည့် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာနအား ဆေးရုံအုပ် ဒေါက်တာကလျာဝင့်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး အဆိုပါ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည့် ဝန်ထမ်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်မြင့်ဦး၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန မိတ္ထီလာခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်ဝင်းကျော်နှင့် တာဝန်ရှိသူများက ဖြည့်စွက်အာဟာရအဖြစ် ကြက်ဥ၊ နွားနို့နှင့် ငွေကျပ် ၁၀၀၀၀ စီတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)