ကျောက်တန်းမြို့နယ်၌ အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်ပွဲ ကျင်းပ

ကျောက်တန်း ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ သီလဝါပြည်တွင်းစက်မှုဇုန်ရှိ "XinFa" (ချည်လုံးကုန်ကြမ်း)စက်ရုံတွင် အကြိုအခြေခံမီးသတ်ပညာသင်တန်းဖွင့်ပွဲကို (၉-၆-၂၀၂၅) ရက်နေ့ နံနက် (ဝ၉းဝဝ) နာရီအချိန်တွင် အဆိုပါစက်ရုံရှိ သင်တန်းခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းမှ သင်းတန်းဖွင့်ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့‌သည်။

ဆက်လက်၍ "Xin Fa"(ချည်လုံးကုန်ကြမ်း)စက်ရုံ ကုမ္ပဏီမန်‌နေဂျာ ဒေါ်အိအိကျော်မှ ယခုကဲ့သို့ မိမိတို့စက်ရုံသို့လာရောက်၍ အခြေခံမီးသတ်သင်တန်း ဖွင့်လှစ်သင်ကြားပေးမှုအပေါ် ကျေးဇူးတင်စကားပြောကြားခဲ့သည်။

သင်တန်းဖွင့်ပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့် တာ၀န်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်ဝင်းနှင့် သင်တန်းနည်းပြများ၊ စက်ရုံ၀န်ထမ်း သင်တန်းသားများ တက်ရောက်ခဲ့သည်။

အဆိုပါသင်တန်း​ကို သင်တန်းသား(၃ဝ)ဦးဖြင့် မီးဘေးအန္တရာယ် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဇွန်လ ၉ ရက်နေ့မှ ၁၈ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)